Email Login နဲ့ Google Login ဘာကွာသလဲ ?

Email Login နဲ့ Google Login ဘာကွာလဲဆိုတာကိုသေချာပြောပြပေးပါမယ်

Email Login ဆိုတာက Email တစ်ခုခုနဲ့ Register ပြုလုပ်ပီး Login ဝင်တဲ့အခါပြန်သုံးတဲ့ information ကိုဆိုလိုပါတယ်။ Email ဖြစ်တဲ့ အတွက် gmail , icloud mail , yahoo mail အပြင် email မှန်ရင် Company Mail တွေကအစသုံးလို့ရပါတယ်။ Email Login ကို အသုံးပြုဖို့အတွက် Email နဲ့ Register အရင်လုပ်ရပါမယ်။ မိမိအသုံးပြုလိုသော Email , Username , Password ကိုပေးလို့ရပါတယ်။ Register လုပ်ပီးရင်အောင်မြင်ကြောင်း Email တစ်ခုပို့ပါတယ် အဲ့ထဲမှာ Password ကအစပါပါတယ် မေ့တက်သူတွေပြန်ကြည့်နိုင်အောင်ထည့်ပေးထားတာပါ။ Email Login စနစ်အားသာချက်ကတော့ Mi Tv တို့လို Google မပါတဲ့ Devices တွေမှာလဲအသုံးပြုလို့ရပါတယ်။ Email Login စနစ်သည် အဆင်မပြေသော Devices မရှိပါ။ VPN မလိုအပ်ပဲအလွယ်တကူ Register , Login လုပ်လို့ရပါတယ်

Google Login ဆိုတာကတော့ Google ကနေထုတ်ပေးထားတဲ့ Login စနစ်ဖြစ်ပါတယ်။ Register လုပ်ဖို့မလိုအပ်ပါဘူး။ Login With Google ဆိုတာနှိပ်လိုက်ရုံနဲ့ Login တန်းဝင်ပီးသားဖြစ်သွားမှာဖြစ်သလို Userid ကလဲ Google ဘက်ကနေချပေးတဲ့ Userid အတိုင်းရရှိသွားမှာဖြစ်ပါတယ်။သူရဲ့အားနည်းချက်ကတော့ Google Service မပါတဲ့ Devices တွေမှာအဆင်မပြေပါဘူး။

သတိပြုရန်

Google Login နဲ့ဝယ်ယူထားရင် Email Login ကိုနှိပ်ပီး Login ဝင်လို့မရပါဘူး

M-Sub NextGen App တိုင်းမှာ Email Login ပဲပါတက်ပါတယ်

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *