Channel M-Sub Android Tv App ကို iOS , Android Phone , Window , Mac Computer များမှတစ်ဆင့် Android Tv , Android Box များတွင်ထည့်သွင်းနည်း

အရင်ကသုံးနေတဲ့ AFTV Downloader က Playstore ကနေဖြုတ်ချခံရတဲ့အတွက်

လက်တလော ဒီနည်းလေးက iOS ကော Android ဖုန်းကော ကိုင်တဲ့သူတွေအဆင်ပြေတဲ့အပြင်

PC သို့မဟုတ် Laptop ရှိရင်လဲသွင်းလို့ရလို့

Tutorial ရေးပေးလိုက်ပါတယ်

ဖုန်းနဲ့ TV နဲ့က Same Wifi မှာရှိပီး VPN တွေပိတ်ထားလိုက်ပါ

ပထမဆုံးအနေနဲ့ မိမိ Android ဖုန်းသို့မဟုတ် iPhone ရဲ့ Browser (Safari သို့မဟုတ် Chrome) မှာ

bit.ly/msubtv42

ဆိုပီးရိုက်ကာ Channel M-Sub Tv App ကို Download ရယူလိုက်ပါ

Download ဆွဲသွားပါလိမ့်မယ်

Download ပီးရင် မိမိ Android Tv Playstore သို့မဟုတ် App Search မှာ

File Commander ဆိုပီးရိုက်ရှာလိုက်ပါ

ဒီနာမည်နဲ့တွေ့ရင် install လုပ်လိုက်ပါ

File Permission တောင်းရင် Allow ပေးလိုက်ပါ

App ကိုဖွင့်လိုက်လို့ ဒီလိုပေါ်ခဲ့ရင် Not Now ကိုရွေးပါ ပီးရင် Home ကိုရွေးပီး

PC File Transfer ကိုရွေးလိုက်ပါ

အောက်ကပုံအတိုင်းပေါ်လာရင် On ပေးလိုက်ပါ

ဒါဆို ip address လေးတစ်ခုပေါ်လာပါမယ်

အဲ့ IP ကို မိမိ Android , iOS , Window , Mac အစရှိတဲ့ Device တစ်ခုခုမှာရှိတဲ့

Browser (Safari သို့မဟုတ် Chrome) မှာ ရိုက်လိုက်ပါ

ဥပမာ – 192.168.1.7:2100 ဒါပဲရိုက်ရင်ရပါပီ ရှေ့က http ကိုရိုက်စရာမလိုပါဘူး

သတိပြုရမှာက တစ်ယောက်နဲ့တစ်ယောက်ပေါ်လာတဲ့ ip address မတူနိုင်ပါဘူး

မိမိမှာပေါ်တာကို ရိုက်ပေးပါ

ဖုန်းမှာ ဒီလိုပေါ်လာပီဆို internal Storage ကိုရွေးလိုက်ပါ

ပီးရင်အပေါ်နားက အကြောင်းသုံးကြောင်းလေးကိုနှိပ်လိုက်ပါ

ပီးရင် Upload Files ကိုနှိပ်ပါ

Select Files ကိုရွေးပါ

iPhone ဆိုရင်တော့ ဒီလို Choose Files ပေါ်ပါမယ် ရွေးပီး Channel M-Sub Tv App ကိုရွေးပေးလိုက်ပါ

Android ဆိုရင်တော့ File Manager ထဲမှာ ဒေါင်းထားတဲ့

Channel M-Sub Tv App ကိုရွေးပေးလိုက်ပါ

ပီးရင် Android TV internal storage မှာ App ရောက်နေပါလိမ့်မယ်

ရွေးပီးသွင်းလိုက်ပါ

ဒီလိုပေါ်လာရင်တော့ Settings ကိုရွေးပါ

File Commander ကိုရွေးပီး On ပေးလိုက်ပါ

ပီးရင် install ကိုနှိပ်လိုက်ပါ ဒါဆိုရပါပီ

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *