M-Sub Movie App တွေကနေ Football Live ဘယ်လိုကြည့်မလဲ ?

ပုံမှန်ဆိုရင်တော့ ဒီ Post တွေက မလိုအပ် နားလည်စရာမလိုပဲ ဘယ် Server ဘယ်လိုင်းကိုနှိပ်နှိပ် ဘာပြသနာမှရှိစရာမလိုပဲ အလွယ်တကူကြည့်လို့ရမှာဖြစ်ပေမဲ့ လက်ရှိ အနေအထားအရ

isp (internet service provider သို့ တပ်ဆင်ထားတဲ့ internet လိုင်း) များမှ ပိတ်ထားတဲ့ ip တွေနဲ့ အချို့သော ip တွေကို နှေးကွေးစေသောကြောင့် ဒီ Post ကိုရေးပေးရခြင်းဖြစ်ပါတယ်

အချို့ User များပြောပြောနေကျ Youtube ရတယ် Netflix ရတယ်တို့ VPN မလိုတဲ့လိုင်း (Facebook ကိုဒီအတိုင်းအသုံးပြုလို့ရတယ်လို့ဆိုလို) ဒါတွေနဲ့ဆုံးဖြတ်လို့မရနိုင်ပါဘူး။ VPN ခံလိုက်မှရသွားတယ် sim internet နဲ့ရနေတယ်ဆိုရင် isp ဘက်က တစ်ခုခုပိတ်ထားလို့ပဲဖြစ်ပါတယ်။ ဥပမာပေးရရင် တံခါးတွေအများကြီးရှိပေမဲ့ ဖွင့်စေချင်တာရွေးဖွင့်ထားပီး ပိတ်စေချင်တာ ရွေးပိတ်ထားတာမျိုးပါ မရည်ရွယ်ပဲ ဒီဘက်ကသုံးတဲ့ ip တွေ dns တွေပိတ်တဲ့ထဲပါနေတဲ့အခါ User တွေအခက်အခဲဖြစ်သွားစေပါတယ်

အချို့သော isp များက facebook ကို block ထားခြင်း အချို့သော isp များက wiki ကို block လုပ်ထားခြင်း အစရှိသည့် isp အမျိုးမျိုးမှ မတူညီသော ip , website များကို block ထားသည့်အတွက် vpn ကိုအသုံးပြုပါက အောက်ပါ နည်းလမ်းများကို လုပ်ဆောင်စရာမလိုပဲ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

Android , Android , iOS , Window , Mac အစရှိသည့် Platform များတွင် 1111 vpn (အခမဲ့) ခံလိုက်ရုံဖြင့် ဘာမှလုပ်စရာမလိုပဲအလွယ်တကူအသုံးပြုနိင်ပါသည်။

Android Tv တွင် Express Vpn , Windscribe VPN များသာပိုပီးအသုံးပြုသင့်ပါသည်။ User Friendly ဖြစ်တဲ့အတွက် အလွယ်တကူ အသုံးပြုနိုင်သည်။ အခြား VPN များသည် Android Tv တွင် ထည့်သွင်းအသုံးပြုရန် ခက်ခဲနိုင်ပါသည်။ Express Vpn , Windscribe Vpn ရဲ့ အားနည်းချက်ကတော့ Premium ဝယ်မှအသုံးပြုလို့အဆင်ပြေမှာဖြစ်ပပါတယ် အခမဲ့မဟုတ်ပါ။ Windscribe Vpn Premium အကောင့်များကို M-Sub Movie Android App , iOS App များမှာ Member သက်တမ်းအလိုက်အခမဲ့ ရယူနိုင်ပါသည်။

Samsung Smart Tv Tizen OS နှင့် LG Smart Tv Webos များမှာတော့ VPN App အသုံးပြုနိုင်မည်မဟုတ်ပါ။ Router ထဲထည့်ပီးမှသာအသုံးပြုနိုင်ပါသည်။

VPN မခံသေးပဲ

Football Live ကြည့်ရင်း မထင်မှတ်ထားလောက်အောင် အ၀ိုင်းလည်နေရင် အောက်ပါအတိုင်းလုပ်ဆောင်ပါ

  1. Router ကို Power ပိတ်ပြန်ဖွင့်ပါ
  2. Android Tv , Samsung Tv App တွေကနေကြည့်နေရင်း အ၀ိုင်းအရမ်းလည်နေပါက Android , iOS App တွေကနေ တစ်ပြိုင်ထဲစမ်းကြည့်ပါ တစ်ခါတစ်လေ Android Tv , Samsung Tv တွေမှာလိုင်းဆွဲအားနည်းနေတာမျိုးဖြစ်တက်ပါတယ်
  3. Server တွေကိုတစ်ခုခြင်းဖွင့်ကြည့်ပါ

အပေါ်ကပုံမှာ ပြထားတဲ့ အတိုင်း Server နာမည်ရယ် Quality ရယ် Channel နာမည်ရယ်ကိုတွေ့ပါလိမ့်မယ်

Football Live တိုင်းမှာ ဒီလိုပုံစံတွေ့ရပါမယ်

Server ဆိုတာက USA , Singapore , Germany , Austria အစရှိတဲ့ နိုင်ငံအစုံမှာရှိတဲ့ Server တွေကိုဆိုလိုပါတယ်

Server 1 ဆိုတာက USA ဖြစ်ချင်ဖြစ်မယ် Server 2 က Singapore ဖြစ်ချင်ဖြစ်ပါမယ်

မတူညီတဲ့ Server တွေကို User တွေအဆင်ပြေအောင်ထည့်ပေးတာပါ

Quality ဆိုတာကတော့ Resolution ကိုဆိုလိုပါတယ်

SD ဆို 480p , HD ဆို 720p , FHD ဆို 1080p ကိုဆိုလိုပါတယ်

နောက်က Sport Tv 2 တို့ TNT Sport 1 တို့ဆိုတာက TV Channel လိုင်းတွေကိုဆိုလိုပါတယ်

ဒီလိုလိုင်းတွေမျိုးစုံကို ဝယ်ယူပီး Server တွေကတစ်ဆင့်ပြန်ပြပေးတာပါ

အပေါ်ဆုံးက Server 1 Sport Tv 2 နဲ့ ဖွင့်မရတာမျိုးဆို Server 3 Sport Tv 2 လိုင်းကိုဖွင့်ပီးစမ်းကြည့်ပါ

Server မတူတဲ့အတွက် isp ဘက်ကပိတ်ထားတာမျိုးမရှိရင် ရသွားပါလိမ့်မယ်

ဒီလိုမျိုး Server တွေကိုပြောင်းစမ်းကြည့်ပါ ဒါဆိုအဆင်ပြေနိုင်ပါတယ်

တစ်ပတ်တစ်ပတ် Server တွေကလဲအမြဲပြောင်းနေနိုင်တဲ့အတွက် Server 1 , 2 ,3 အစရှိတာကိုမမှတ်ထားပဲ

လိုသလိုစမ်းကြည့်ပါ။ ပေးထားတဲ့ Server တိုင်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ VPN ခံမှပဲရပါတော့မယ်

ပုံမှန် Mpt Fiber လိုလိုင်းတွေကတော့ ပေးထားတဲ့ Server တွေနဲ့ အဆင်ပြေတာများပါတယ်

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *